သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့ (၁၂:၀၀) အချိန် တွင် ဝန်းသိုမြို့နယ်၊ တတ်လွင်ကျေးရွာအုပ်စု၊ တတ်လွင်ကျေးရွာ၊ ဆင်ကုန်းကျေးရွာ၊ ကျောက်တော ကျေးရွာသို့ အိမ်ထောင်စု (၁)စုလျှင် သောက်သုံးရေးသန့် (၂၀)လီတာ ပါဘူးကြီး(၅)ဘူးနှုန်းဖြင့် အိမ်ထောင်စု (၉၆)စု၊ လူဦးရေ (၅၂၄) ဦးအတွက် ရေသန့်ဘူးကြီး (၄၈၀) ဘူးတို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

#ha_drg
#sgg_apr2020

Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events