Covid- 19 ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့ နံနက် (၀၈:၀၀) အချိန်မှ (၁၆:၀၀) အချိန်အထိ ကျောင်းရွာကျေးရွာအုပ်စုရှိ ကျောင်းရွာကျေးရွာ၊ ကမ္ဘားနီကျေးရွာ၊ ကျွန်းမကြီးကျေးရွာ၊ မိဖုရားချိုင့်ကျေးရွာနှင့် သရက်ချဥ်ကျေးရွာ၊ ကုန်းရွာကျေးရွာအုပ်စုရှိ ကုန်းရွာကျေးရွာ၊ ကျစ်ပြင်ကျေးရွာနှင့် ငချဥ်ချောင်းကျေးရွာတို့တွင် လှည့်လည် ၍ Covid- 19 ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

#ar
#mgy_apr2020

Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events