တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ

ဧပြီ ၂၃၊ နေပြည်တော်
- မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ် တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ် ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားလျက်ရှိရာ (၂၁-၄-၂၀၂၀) နေ့တွင်-
- ကချင်ပြည်နယ်၊ မြို့နယ်(၄)ခု၌ နေအိမ်(၂)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ်(၁၃၇)လုံး၊ ဘာသာရေးအဆောက်အဦ(၃)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
- မကွေးတိုင်းဒေသကြီး၊ မြို့နယ်(၂)ခု၌ နေအိမ်(၃)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
- မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်(၃)ခု၌ နေအိမ်(၁၉)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ်(၁၇၅)လုံး၊ ဘာသာရေး အဆောက်အဦ(၃)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
- ရှမ်းပြည်နယ်၊ မြို့နယ်(၂)ခု၌ နေအိမ်(၄)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
- စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်(၁၄)ခု၌ နေအိမ်(၇)လုံးပြိုကျပျက်စီးပြီး၊ နေအိမ်(၄၃၀)လုံး၊ ဘာသာရေးအဆောက် အဦ(၁၅)လုံး၊ အခြားအဆောက်အဦ(၁)လုံး အမိုးအကာလန်ပျက်စီးခြင်း တို့ ဖြစ်ပွားခဲ့ပါသည်။
- အလားတူ (၂၂-၄-၂၀၂၀)နေ့တွင်-
- ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၌ နေအိမ်(၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
- ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၌ နေအိမ်(၂)လုံး အမိုးအကာလန်ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ ပါသည်။
- လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သက်ဆိုင် ရာတိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ တာဝန်ရှိသူများသည်လေပြင်း တိုက်ခတ်မှုဖြစ်ပွားရာနေရာများသို့ သွားရောက် ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ (၂၃-၄-၂၀၂၀)ရက်နေ့တွင် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေး ပစ္စည်းဖိုးများအတွက် စုစုပေါင်း (၄၂,၀၀၀,၀၀၀/-)ကျော် (ကျပ်သိန်းလေးရာ့နှစ်ဆယ်ကျော်) ထောက်ပံ့ထားရှိပြီး ထောက်ပံ့ မှုများဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
- ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သိရှိရပါသည်။
- #ha_sgw
#St&Re_apr2020
Source: MSWRR