Category Archives: News
-
တွံတေးမြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ အရိုးတောင်ကျေးရွာအုပ်စု၊ မီးသွေးကျင်းကျေးရွာနှင့် ငှက်ပျော စမ်းကျေးရွာအုပ်စု၊ ရိုးကန့်လန့်ကျေးရွာတို့တွင်(၂၅-၄-၂၀၂၀)ရက်နေ့(၁၅:၃၀)နာရီအချိန်၌ မိုးသည်းထန် စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျအမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၂၆)လုံး၊ အိမ်ထောင်စု(၂၆)စုမှ လူဦးရေ(၁၂၁)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ခြေ(၂၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၄,၂၀,၀၀ဝ/-) ကျပ်၊ လူဦးရေ(၁၂၁)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂,၅၄,၁၀ဝ/-)ကျပ်၊ ပြိုကျနေအိမ်(၉)လုံးအတွက် (၉)အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးတို့ကို အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
(၂၇- ၄-၂၀၂၀) ရက်နေ့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အရာထမ်း၊ အမှုထမ်း များသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၁/၃/၄/၆/၇/၁၀/၁၁) ရပ်ကွက်များတွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ရပ်ကွက်များအတွင်း အသိပညာပေး ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_apr2020 Source: ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှ (၁၇:၃၀)နာရီအချိန်အထိ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်းသို့ ယာဉ်ဝင်/ထွက်တွင် စီးနင်းလိုက်ပါလာသောခရီးသည်များကို ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စနစ်တကျပါဝင်ဆောင်ရွက်နိုင်ရန် စေတနာ့ဝန်ထမ်း (Volunteer) များကို လေ့ကျင့် သင်ကြားပေးရေးညှိနှိုင်းဆွေးနွေး
ဧပြီလ၊ ၂၇၊ နေပြည်တော် COVID – 19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စနစ်တကျပါဝင်ဆောင်ရွက်နိုင်ရန် စေတနာ့ဝန်ထမ်း (Volunteer) များကို လေ့ကျင့်သင်ကြားပေးရေးနှင့်ပတ်သက်၍ စေတနာ့ဝန်ထမ်း သင်တန်း လက်စွဲစာအုပ်ပြုစုရန် မြန်မာနိုင်ငံဆရာဝန်အသင်း အသင်းဥက္ကဌ၊ ဒုတိယဥက္ကဌများ၊ ဘာသာရပ်ဆိုင်ရာဆရာ၊ ဆရာမကြီးများနှင့် (၂၅.၄.၂၀၂၀) ရက်နေ့ ညနေပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက Video Conference ဖြင့် ညှိနှိုင်းဆွေးနွေး ခဲ့ပါသည်။ ယနေ့မွန်းလွဲပိုင်းကလည်း အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး (၁) လူမှုဝန်ထမ်းဦးစီးဌာန၊ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ Quarantine နေရာများ၏ လိုအပ်ချက်များစာရင်းနှင့် စေတနာ့ဝန်ထမ်းစာရင်းများ ကောက်ယူရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး
ဧပြီလ၊ ၂၇၊ နေပြည်တော် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ Quarantine နေရာများ၏ လိုအပ်ချက် များစာရင်းနှင့် စေတနာ့ဝန်ထမ်းစာရင်းများကောက်ယူခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက Video Conference ဖြင့်ဆောင်ရွက်ခဲ့ပါသည်။ ညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အတွင်းရေးမှူး(၁)၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လူမှုရေးဝန်ကြီးများနှင့် အတွင်းရေးမှူးရုံးအဖွဲ့ဝင်များ ပါဝင် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC)၌ ကပ္ပလီပင်လယ် အတွင်း ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်နိုင်ရေး ညှိနှိုင်းဆွေးနွေး
ဧပြီလ၊ ၂၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော ကပ္ပလီပင်လယ်ပြင်တွင် (၂၈-၄-၂၀၂၀)ရက်နေ့မှ (၃၀-၄-၂၀၂၀)ရက်နေ့အတွင်း ဖြစ်ပေါ်နိုင်သည့် လေဖိအားနည်းရပ်ဝန်းနှင့်စပ်လျဉ်းသည့် ခန့်မှန်းချက်များအား ဆန်းစစ်နိုင်ရန် နှင့်ကြိုတင်ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာန၏အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)၌ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့ပါသည်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရေးပေါ်အခြေ အနေစီမံခန့်ခွဲမှု ဗဟိုဌာနမှ တာဝန်ရှိသူများက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်နှင့် ကမ္ဘာ့မိုးလေဝသ အင်တာနက်စာမျက်နှာများမှရရှိသော အချက်အလက်များအရ ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မှုအခြေနေနှင့် … Read more
-
Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့တွင် ကဝမြို့နယ်၊ ဖလေး-ကုန်းကြီးလမ်းဆုံနှင့် ပေါက်ကုန်းကြီးကျေးရွာတို့တွင် Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရန် ပြည်သူအသိပညာပေးပန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော လက်ကမ်းစာစောင်များအား ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #bgo_apr2020 Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့တွင် (၁၁:၀၀)နာရီ၌ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ သကံဝကျေးရွာတွင် လည်းကောင်း၊ (၁၂:၀၀)နာရီ၌ တယ်ပင်တစ်ကျေးရွာတွင် လည်းကောင်း၊ (၁၃:၃၀) နာရီ၌ တယ်ပင်နှစ်ကျေးရွာတွင် လည်းကောင်း၊ (၁၄:၀၀)နာရီ၌ တယ်ပင်သုံးကျေးရွာတွင် လည်းကောင်း၊ (၁၅:၃၀) နာရီ၌ ဓနုံးချောင်း ကျေးရွာတွင် လည်းကောင်း Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ နှိုးဆော် ခြင်းကို ကျေးရွာရှိအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ … Read more
-
COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တောင်ကွင်းကျေးရွာအုပ်စု၊ တောင်ကွင်းကျေးရွာ၊ သစ်ဆွဲလဲကျေးရွာနှင့် ကညင်ကွင်းကျေးရွာတို့၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများ၊ ကျေးရွာရှိတာ၀န်ရှိသူများနှင့်အတူ (၂၇-၄-၂၀၂၀)ရက်နေ့၌ (၁၁၃၀)နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အားအ သိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကျောက်ရဲကျွန်းကျေးရွာအုပ်စု၊ ကျောက်ရဲကျွန်းကျေးရွာ နှင့် လက်မဲကျေးရွာအုပ်စု၊ ဇယ်တွင်းကျေးရွာတို့တွင် (၂၆-၄-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသက်လေပြင်း တိုက်ခတ်မှု ကြောင့် လေဘေးသင့်အိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၇) စု၊ လူဦးရေ(၃၀)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုး(၂၁၀,၀၀၀/-)၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၆၃,၀၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၇၃,၀၀ဝ/-)အား (၂၇-၄-၂၀၂၀)ရက်နေ့ (၁၅:၀၀) အချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more









