Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့ နယ်၊ တောင်ဘလူကျေးရွာအုပ်စု၊ မဲရွာကျေးရွာ၌ (၂၅-၄-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) နာရီ အချိန်တွင် ဖြစ်ပွားခဲ့သောလေပြင်းဘေးကြောင့် ရွာဦးဘုန်းတော်ကြီးကျောင်းရှိ ဆွမ်းစား ဆောင်(၂) ဆောင်အမိုးလန်ပျက်စီးခဲ့သဖြင့် ကျောင်းဆောက်ထောက်ပံ့ငွေ (၁၂၀,၀၀ဝ/-) ကျပ်အား (၂၇-၄-၂၀၂၀) ရက်နေ့တွင် ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_apr2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇ -၄-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ နောက်မီးအရှေဖက်ကမ်းကျေးရွာ၊နောက်မီးအနောက်ဖက်ကမ်းကျေးရွာ၊ မင်္ဂလာသောင်းတန်းကျေးရွာများ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၂၀) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပင်းတလဲအုပ်စု၊ တောင်ဘိုအုပ်စု၊ ညောင်ပင်အုပ်စု၊ ထန်းပင်ကုန်းအုပ်စုတို့တွင် အမိုးလန်ပျက်စီး နေအိမ်(၆၂)လုံး၊ ပြိုကျ နေအိမ်(၇)လုံး၊ အမိုးလန် ဘုန်းတော်ကြီးကျောင်း(၁) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၂၉၉၅၀ဝိ/-)၊ ဘေးသင့်အိမ်ထောင်စုများအတွက် (၇)ရက်စာ ဆန်ရိက္ခာ ထောက်ပံ့ငွေ (၆၃၂၁၀ဝိ/-)၊ စုစုပေါင်း(၄၉၃၁၆၀ဝိ/-)နှင့် ပြိုကျနေအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇မျိုးပါ) (၇)အိမ်ထောင်စုစာ တို့အား (၂၇-၄-၂၀၂၀)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_apr2020 Source: … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့၊ (၁၈:၀၀) နာရီအချိန်မှ စတင်၍ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ သံလ္လာဝတီရပ်ကွက်၊ ရုံးကြီးရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ အေးသာယာရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးသင့် အိမ်ထောင်စုများအားထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၆.၄.၂၀၂၀)ရက်နေ့(၁၅း၃၀)နာရီအချိန်တွင် ချောက်မြို့ အမှတ်(၇) ရပ်ကွက်၌ လေးပြင်းတိုက်ခတ်မှု ဖြစ်ပွါးခဲ့သောကြောင့် လုံးပျက်စီးအိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ (၁၅)ဦးတို့ လေဘေးသင့်ခဲ့ပြီး လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၀၀,၀၀ဝိ/-)၊ အမိုးလန်နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၄၀၀၀၀ိ/- )နှင့် လူဦးရေ(၁၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ်(၃၁၅၀၀ိ/-)၊ စုစုပေါင်းငွေကျပ် (၁၇၁၅၀၀ိ/-)နှင့် လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စုစာ တို့အား(၂၇-၄-၂၀၂၀)ရက်နေ့(၁၆း၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အတူလေဘေးသင့်ပြည်သူများထံသို့သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_apr2020 … Read more
-
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အခြေအနေ
========================================= (၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၇) ရက်နေ့ မြန်မာစံတော်ချိန်(၁၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် (နောက် ၇၂ နာရီအတွင်း) (၃၀.၄.၂၀၂၀)ရက်ခန့်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ (နောက် ၁၂၀ နာရီအတွင်း) (၂.၅.၂၀၂၀)ရက်ခန့်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။”
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မလှိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မလှိုင်မြို့၊ သပြေပင်အုပ်စု၊ ကားရွာတွင်(၂၅-၄-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားသောလေဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုစာအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၆,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေ (၁၀၆,၃၀၀) ကျပ်တို့ကို (၂၇-၄-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူများ ထံ သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #mdy_apr2020 Source: မလှိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာစည်မြို့နယ်၊ လူးကုန်း၊ ကုန်းတောင်း၊ အလှည့်၊ ညောင်ပင်ဝင်းအုပ်စုတို့၌ (၂၆-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ(၂၉)လုံး၊ လူဦးရေ (၁၂၄) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၆၀,၄၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၁၅၉,၀၀၀/-) ကျပ်တို့ကို သာစည်မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်အမတ်များ၊ မြို့နယ်ဆေးရုံအုပ်ကြီး၊ စခန်းမှူး၊ မီးသတ်ဦးစီးမှူး၊ ပြန်ကြားရေးဦးစီးမှူးတို့နှင့်အတူ (၂၇-၄-၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_apr2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ညောင်လန်းငူကျေးရွာ၊ ဆိပ်မအရှေ့ကျေးရွာ၊ ဆိပ်မအနောက်ကျေးရွာ၊ ရိုးကုန်းကျေးရွာ၊ ခါချဥ်ကျေးရွာ များ၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူ တို့နှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_apr2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့တွင် ခင်ဦးမြို့နယ်၊ ရှားလွင်၊ ကုလားလူး၊ ထနောင်းကိုင်း၊ လေး၊ ငါးတင်းကြီး၊ စိုင်ခေါင်း၊ အုန်းပင်ကုန်း၊ မောင်းချောင်းတော၊ ထနောင်းကိုင်းကြီး ရွာစဉ်ကျးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)









