လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မလှိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မလှိုင်မြို့၊ သပြေပင်အုပ်စု၊ ကားရွာတွင်(၂၅-၄-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားသောလေဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုစာအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦး‌ရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၆,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေ (၁၀၆,၃၀၀) ကျပ်တို့ကို (၂၇-၄-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူများ ထံ သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

#ha_sgw
#mdy_apr2020

Source: မလှိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events