လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၂၀) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပင်းတလဲအုပ်စု၊ တောင်ဘိုအုပ်စု၊ ညောင်ပင်အုပ်စု၊ ထန်းပင်ကုန်းအုပ်စုတို့တွင် အမိုးလန်ပျက်စီး နေအိမ်(၆၂)လုံး၊ ပြိုကျ နေအိမ်(၇)လုံး၊ အမိုးလန် ဘုန်းတော်ကြီးကျောင်း(၁) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၂၉၉၅၀ဝိ/-)၊ ဘေးသင့်အိမ်ထောင်စုများအတွက် (၇)ရက်စာ ဆန်ရိက္ခာ ထောက်ပံ့ငွေ (၆၃၂၁၀ဝိ/-)၊ စုစုပေါင်း(၄၉၃၁၆၀ဝိ/-)နှင့် ပြိုကျနေအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇မျိုးပါ) (၇)အိမ်ထောင်စုစာ တို့အား (၂၇-၄-၂၀၂၀)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mdy_apr2020
Source: ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)