လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာစည်မြို့နယ်၊ လူးကုန်း၊ ကုန်းတောင်း၊ အလှည့်၊ ညောင်ပင်ဝင်းအုပ်စုတို့၌ (၂၆-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ(၂၉)လုံး၊ လူဦးရေ (၁၂၄) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၆၀,၄၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၁၅၉,၀၀၀/-) ကျပ်တို့ကို သာစည်မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်အမတ်များ၊ မြို့နယ်ဆေးရုံအုပ်ကြီး၊ စခန်းမှူး၊ မီးသတ်ဦးစီးမှူး၊ ပြန်ကြားရေးဦးစီးမှူးတို့နှင့်အတူ (၂၇-၄-၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mdy_apr2020
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ဘစမ)