လေပြင်းဘေးသင့် အိမ်ထောင်စုများအားထောက်ပံ့ခြင်း   

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၆.၄.၂၀၂၀)ရက်နေ့(၁၅း၃၀)နာရီအချိန်တွင် ချောက်မြို့ အမှတ်(၇) ရပ်ကွက်၌ လေးပြင်းတိုက်ခတ်မှု ဖြစ်ပွါးခဲ့သောကြောင့် လုံးပျက်စီးအိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ (၁၅)ဦးတို့ လေဘေးသင့်ခဲ့ပြီး လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၀၀,၀၀ဝိ/-)၊ အမိုးလန်နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၄၀၀၀၀ိ/- )နှင့် လူဦးရေ(၁၅)ဦးတို့အတွက်   ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ်(၃၁၅၀၀ိ/-)၊ စုစုပေါင်းငွေကျပ် (၁၇၁၅၀၀ိ/-)နှင့် လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စုစာ တို့အား(၂၇-၄-၂၀၂၀)ရက်နေ့(၁၆း၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အတူလေဘေးသင့်ပြည်သူများထံသို့သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mgy_apr2020

 

Source:           ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events