Category Archives: News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့ တွင် ဘိုကလေးမြို့နယ်၊ စံပါယ်ကုန်းကျေးရွာအုပ်စု၊ စံပါယ်ကုန်းကျေးရွာတွင်(၁၃:၀၀)နာရီ၌လည်းကောင်း၊ ဘဝသစ်ကျေးရွာတွင်(၁၄:၀၀)နာရီ၌လည်းကောင်း၊ ငပိချောင်းကလေးကျေးရွာတွင် (၁၅:၃၀)နာရီ၌လည်းကောင်း၊ Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များနှိုးဆော်ခြင်းအား ကျေးရွာရှိအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀)ရက်နေ့၊ ညနေ (၁၆:၃၀) နာရီအချိန်မှစ၍ ည(၁၉:ဝဝ)နာရီအချိန်ထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဓနုံးချောင်းကျေးရွာ၊ ကျုံဝါး ကျေးရွာ၊ ကြာဖူးငုံလက်ပံကျေးရွာ၊ ကုလားကုန်းလေးကျေးရွာတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တို့ကို ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_apr2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ကူးကားကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပေါက်မြို့ နယ်၊ ကူးကားကျေးရွာအုပ်စု၊ မြေနီ(မ)ကျေးရွာနှင့် မကျီးစုကျေးရွာတို့၌ (၂၇-၄-၂၀၁၉)ရက်နေ့၊ ညနေ (၂၂:၀၀)အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ (၂၈) လုံး၊ ဘုန်းကြီးကျောင်း(၁) ကျောင်း၊ ပြိုကျပျက်စီး အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၂၉)စုမှ ကျား(၆၉) ဦး၊ မ(၈၅)ဦး၊ သံဃာ (၁)ပါး၊ စုစုပေါင်း(၁၅၅)ဦးအား အိမ်ဆောက်ပစ္စည်းဖိုး (၁,၂၄၅,၀၀၀/-) ကျပ်၊ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀)ရက်နေ့၊ (၁၇:၀၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ဥဩတန်းကျေးရွာ၊ အင်းတ္တော်လုပ်ကျေးရွာအုပ်စု၊ ကျေးရွာ(၂)ရွာ၊ တက်ဆွဲကျေးရွာအုပ်စု၊ ကျေးရွာ(၃)ရွာတို့တွင် ဖြစ်ပွားခဲ့ သော လေဘေးကြောင့် ပြိုလဲနေအိမ်(၅)လုံးနှင့် အမိုးလန်နေအိမ်(၃)လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၄၀,၀၀၀)ကျပ်၊ အိမ်ထောင်စု(၅)စုရှိ လူဦးရေ(၂၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၅၆,၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၉၆,၇၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (ပလပ်စတစ်ပုံးအပါ) (၅) အိမ်ထောင်စုစာတို့ကို (၂၉-၄-၂၀၂၀)ရက်နေ့ … Read more
-
COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးခရိုင်ပြန်လည်ထူထောင်ရေးဦးစီး ဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ (၂၉-၄-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာ၊ မန်ပျဥ်ကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များကို အသိပေးပန်ကြားခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_apr2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀ ) နေ့တွင် အုပ်စု(၄)အုပ်စု (ကျွဲသောင်၊ မှတ်တိုင်၊ ကြံခတ်ကွင်းနှင့် သပြေကုန်း)၊ ကျေးရွာခွဲ(၁၀) ရွာတို့၌ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ပြိုလဲပျက်စီးနေအိမ်(၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၄၇)လုံး၊ အိမ်ထောင်စု (၄၉) စု၊ စုစုပေါင်း အိမ်ခြေ (၄၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၆၅၅,ဝဝဝ/-) ကျပ်၊ ပြိုလဲပျက်စီးသော အိမ်ထောင်စု (၂) စုအတွက် တန်ဖိုးကျပ် (၆၄,၇၀၆/-) ရှိသော ကယ်ဆယ်ရေးပစ္စည်း … Read more
-
COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူး စက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ဇမ္ဗူသီရိမြို့နယ်၊ သာယာကုန်းကျေးရွာနှင့် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင် ကျေးရွာ အုပ်စု၊ ရွှေပြည်သာကျေးရွာ၊ အင်တိုင်းသာကျေးရွာ၊ မြိုင်သာယာကျေးရွာ၊ ပိန်းချောင်းကျေးရွာ၊ ရွှေမြင့်မို ကျေးရွာနှင့် အောင်သာယာကျေးရွာများအတွင်းရှိ ပြည်သူများသို့ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar … Read more
-
လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင် ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၁၃)ရပ်ကွက်၊ မဲဇလီပုသိမ်စုကျေးရွာအုပ်စု၊ ထီပါလယ်ကျေးရွာအုပ်စု၊ ဘုရားချောင်းတံခွန်တိုင်ကျေးရွာအုပ်စု၊ မှန်ကူကနစိုချောင်းကျေးရွာအုပ်စုတို့၌ (၂၈-၄-၂၀၂၀) ရက်နေ့၊ (၁၄:၃၀)နာရီအချိန်မှ (၁၆:၃၅)နာရီအချိန်ထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၇)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အမိုးလန်ပျက်စီးခဲ့သော ဓမ္မသုခဘုန်းတော်ကြီးကျောင်း(၁) ကျောင်းနှင့် နေအိမ်(၂)လုံး၊ စုစုပေါင်း အိမ်ထောင်စု(၁၀)စုမှ ဘေးသင့်လူဦးရေ (၃၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၇)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ (၈၁၉၀၀/-)နှင့် အိမ်ဆောက်ပစ္စည်းဘိုး(၈၈၀၀၀၀/-)၊ စုစုပေါင်း (၉၆၁၉၀၀/-)တိတိအား မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ … Read more
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ်(၄/၈/၁၀/၁၂)ရပ်ကွက်၊ ကျောင်းစုပတုတ်ကျေးရွာ၊ သူကြီးပတုတ်ကျေးရွာ၊ အပျိုကြီးတဲစုကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အများပြည်သူများသိရှိလိုက်နာရန် အချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များကို အသိပညာပေးနှိုးဆော် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_apr2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့၊ (၁၅:၃၀)နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ မြို့သာယာကျေးရွာနှင့် တကွင်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး အသိပညာပေးစာစောင်ကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)









