လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀ ) နေ့တွင် အုပ်စု(၄)အုပ်စု (ကျွဲသောင်၊ မှတ်တိုင်၊ ကြံခတ်ကွင်းနှင့် သပြေကုန်း)၊ ကျေးရွာခွဲ(၁၀) ရွာတို့၌ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ပြိုလဲပျက်စီးနေအိမ်(၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၄၇)လုံး၊ အိမ်ထောင်စု (၄၉) စု၊ စုစုပေါင်း အိမ်ခြေ (၄၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၆၅၅,ဝဝဝ/-) ကျပ်၊ ပြိုလဲပျက်စီးသော အိမ်ထောင်စု (၂) စုအတွက် တန်ဖိုးကျပ် (၆၄,၇၀၆/-) ရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးစီ ၊ လူဦးရေ (၂၀၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၄၂၆,၃၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့မှု တန်ဖိုး (၂,၁၄၆,၀၀၆/-) ကျပ်တို့ကို (၂၉-၄-၂၀၂၀)ရက်နေ့တွင် (၁၅:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမနှင့် လေဘေး ဖြစ်ပွားရာ ဒေသများသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#ayy_apr2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)