လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

​​​​​​​​

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင် ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၁၃)ရပ်ကွက်၊ မဲဇလီပုသိမ်စုကျေးရွာအုပ်စု၊ ထီပါလယ်ကျေးရွာအုပ်စု၊ ဘုရားချောင်းတံခွန်တိုင်ကျေးရွာအုပ်စု၊ မှန်ကူကနစိုချောင်းကျေးရွာအုပ်စုတို့၌ (၂၈-၄-၂၀၂၀) ရက်နေ့၊ (၁၄:၃၀)နာရီအချိန်မှ (၁၆:၃၅)နာရီအချိန်ထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၇)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အမိုးလန်ပျက်စီးခဲ့သော ဓမ္မသုခဘုန်းတော်ကြီးကျောင်း(၁) ကျောင်းနှင့် နေအိမ်(၂)လုံး၊ စုစုပေါင်း အိမ်ထောင်စု(၁၀)စုမှ ဘေးသင့်လူဦးရေ (၃၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၇)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ (၈၁၉၀၀/-)နှင့် အိမ်ဆောက်ပစ္စည်းဘိုး(၈၈၀၀၀၀/-)၊ စုစုပေါင်း (၉၆၁၉၀၀/-)တိတိအား မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၂၉-၄-၂၀၂၀)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

#ha_sgw

#ayy_apr2020

Source:     မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events