Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်ပင်လယ်ရပ်ကွက်၌ (၇-၅-၂၀၂၀) ရက်နေ့၊ (၀၈:၂၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းကျိုးကျ၍ အမိုးပျက်စီးခဲ့သည့် နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ (၃) ဦးအတွက်(၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၆၃၀၀/-)ကျပ်တိတိအား (၈-၅-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_may2020 … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် သရက်ချောင်းမြို့နယ်အတွင်းရှိ သဲချောင်းကြီးကျေးရွာ၊ ပြင်းဖြူသားေကျးရွာနှင့်ကမြိုင်ကျေးရွာတို့တွင် လော်စပီကာ၊ Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဘောလခဲမြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဘောလခဲမြို့၊ ရှမ်းပိုင်း(ကွက်သစ်)ရပ်ကွက်၊ ရှမ်းပိုင်း(စုစည်း)ရပ်ကွက်နှင့် ရှမ်းပိုင်း (ပွန်ချောင်းအရှေ့ဘက်ကမ်း) ရပ်ကွက်များရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် မိုင်းတုံမြို့နယ်ရှိ မြို့ပေါ် ရပ်ကွက်များနှင့် ဖာချယ်ကျေးရွာ၊ ဝမ်မိုင်းကျေးရွာ၊ ဟိုပန်ကျေးရွာနှင့်စမ်းသီတာ(၅) မိုင်ကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် ကျွန်းလှမြို့နယ်၊ အိမ်ခြေကျေးရွာအုပ်စု၊ အိမ်ခြေကျေးရွာ၊ အင်းလျားရှည်ကျေးရွာ၊ ကိုင်းဝန်းကျေးရွာ၊ ဘိုအင်းကျေးရွာ၊ ရွာကုန်းကြီးကျေးရွာ များသို့ သွားရောက်ပြီး COVID-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် မိဘပြည်သူများအား သိရှိပြီးလိုက်နာဆောင်ရွက်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဖရူဆိုမြို့နယ်၊ ကေကောကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေကောကျေးရွာအုပ်စု၊ ကေကောကျေးရွာ၊ ခေါလေကျေးရွာ၊ ယိုလိခိုကျေးရွာနှင့် ဘွယ်ဒိုးသာကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေကြီးဦးစီးမှူးရုံးနှင့် ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၀)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်မှ အမိုးလန် ဘုန်းတော်ကြီးကျောင်း(၅)ကျောင်း၊ ပြိုကျနေအိမ်(၃)လုံး၊ အမိုးလန်နေအိမ်ခြေ(၁၉၉)လုံး၊ အိမ်ထောင်စု(၂၀၂)စုမှ လူဦးရေ(၁၀၀၀)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၇၂၉၅၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၁၀၀၀၀၀/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ(၉၃၉၅၀၀ဝ/-)ကျပ်အား (၈-၅-၂၀၂၀)ရက်နေ့(၁၅း၃၀) အချိန်တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2020 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဓနုဖြူမြို့နယ်၊ အကျော်ကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ အကျော်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ(၆)ရွာ၌ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား Loud Speaker၊ Hand Speaker များဖြင့် လှည့်လည်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေကြီးဦးစီးမှူးရုံးနှင့် ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၀)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှ အမိုးလန်ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ အမိုးလန်နေအိမ်ခြေ(၅၂)လုံး၊ အိမ်ထောင်စု (၅၂)စုမှ လူဦးရေ(၂၈၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၃၅၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၉၆၄၀၀/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ(၂၉၄၆၄၀ဝ/-)ကျပ်အား (၈-၅-၂၀၂၀)ရက်နေ့ (၁၃း၄၅)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2020 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ နယ်မြေ(၄)၊ ဗိုလ်စောနောင်လမ်း၌ (၆-၅-၂၀၂၀)ရက်နေ့၊ (၁၆:၀၀)အချိန်မှ (၁၆:၁၅) အချိန်အထိ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အမိုးလန်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၃၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၉,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၉,၄၀ဝ/-)ကျပ်အား (၈-၅-၂၀၂၀)ရက်နေ့ (၁၄:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_may2020 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)









