လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်‌တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ နယ်မြေ(၄)၊ ဗိုလ်စောနောင်လမ်း၌ (၆-၅-၂၀၂၀)ရက်‌နေ့၊ (၁၆:၀၀)အချိန်မှ (၁၆:၁၅) အချိန်အထိ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အမိုးလန်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး‌‌ ထောက်ပံ့ငွေ(၃၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာဖိုး‌ထောက်ပံ့ငွေ(၂၉,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၉,၄၀ဝ/-)ကျပ်အား (၈-၅-၂၀၂၀)ရက်နေ့ (၁၄:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#npw_may2020

Source:   ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events