လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေကြီးဦးစီးမှူးရုံးနှင့် ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၀)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်မှ အမိုးလန် ဘုန်းတော်ကြီးကျောင်း(၅)ကျောင်း၊ ပြိုကျနေအိမ်(၃)လုံး၊ အမိုးလန်နေအိမ်ခြေ(၁၉၉)လုံး၊ အိမ်ထောင်စု(၂၀၂)စုမှ လူဦးရေ(၁၀၀၀)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၇၂၉၅၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၁၀၀၀၀၀/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ(၉၃၉၅၀၀ဝ/-)ကျပ်အား (၈-၅-၂၀၂၀)ရက်နေ့(၁၅း၃၀) အချိန်တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#sgg_may2020
Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events