လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေကောကျေးရွာအုပ်စု၊ ကေကောကျေးရွာ၊ ခေါလေကျေးရွာ၊ ယိုလိခိုကျေးရွာနှင့် ဘွယ်ဒိုးသာကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)