လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေကြီးဦးစီးမှူးရုံးနှင့် ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၀)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှ အမိုးလန်ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ အမိုးလန်နေအိမ်ခြေ(၅၂)လုံး၊ အိမ်ထောင်စု (၅၂)စုမှ လူဦးရေ(၂၈၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၃၅၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၉၆၄၀၀/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ(၂၉၄၆၄၀ဝ/-)ကျပ်အား (၈-၅-၂၀၂၀)ရက်နေ့ (၁၃း၄၅)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_may2020
Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)