Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် ကျွန်းလှမြို့နယ်၊ အိမ်ခြေကျေးရွာအုပ်စု၊ အိမ်ခြေကျေးရွာ၊ အင်းလျားရှည်‌ကျေးရွာ၊ ကိုင်းဝန်းကျေးရွာ၊ ဘိုအင်းကျေးရွာ၊ ရွာကုန်းကြီးကျေးရွာ များသို့ သွားရောက်ပြီး COVID-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် မိဘပြည်သူများအား သိရှိပြီးလိုက်နာဆောင်ရွက်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#sgg_may2020
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events