Category Archives: News
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရေပူ-ကော့စပ်ကျေးရွာနှင့် ဖာသိမ်ကျေးရွာများသို့ COVID-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူသို့ အသိပညာပေးပန်ကြားခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_may2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀)ရက်နေ့ ၊ (၇:၃၀) နာရီအချိန်မှစတင်၍ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာအုပ်စု၊ လမ်းမှန်ကျေးရွာ၊ ဝက်ပုတ်ကျေးရွာ၊ ညောင်ကွေ့ကျေးရွာ၊ ရေအေးကျေးရွာ၊ လွှဲဆိပ်ကျေးရွာ အုပ်စု ၊ မှန်နီပင်ကျေးရွာ၊ လွှဲဆိပ်ကျေးရွာ၊ (၁၁)ပေါက် ကျေးရွာများရှိ ပြည်သူများထံသို့ သွားရောက်ပြီး COVID-19 နှင့်ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လေပြင်းဘေးနှင့် မီးဘေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့၊ နံနက်(၀၇:၃၀) နာရီအချိန်မှစ၍ နေ့လည်(၁၂:၀၀)နာရီအထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ခွေးလေးကြီးကျေးရွာ၊ ဖျာပုံစုကျေးရွာ၊ ဝါးကြိတ်လိန်ကျေးရွာ၊ လှည်းဆိပ်ကျေးရွာ၊ ဂရက်ကြီး ကျေးရွာ၊ ရှစ်အိမ်တန်းကျေးရွာ၊ ကုက္ကိုစုကျေးရွာ၊ ခွေးလေးဝကျေးရွာ၊ ကွင်းကလေးကျေးရွာ တို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာ ပေး လှည့်လည်ဟောပြောမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၉-၅-၂၀၂၀) ရက်နေ့ တွင် မီးလောင်ကုန်းကျေးရွာအုပ်စုရှိ ဇရပ်ကုန်းကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ ရေကြပ်ကျေးရွာနှင့် ကန့်လန့်ကုန်း ကျေးရွာများ၊လေးကြီးကျေးရွာအုပ်စုရှိ ပန်းလှကွင်းကျေးရွာ၊ ဆူးပဒေါင်းကွင်းကျေးရွာ၊ မျောက်ကုန်းကျေးရွာနှင့် လေးကြီးကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာ ပေးဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများအလွယ်တကူသိရှိလိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_may2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြတ်ပါရမီပရဟိတအသင်း နှင့် ပူးပေါင်း၍ (၉-၅-၂၀၂၀) ရက်နေ့တွင် သရက်မြို့နယ်အတွင်းရှိ ကညစ်ကျကျေးရွာ၊ ချင်းကုန်း ကျေးရွာ၊ သူကြီးစားကျေးရွာနှင့် မွန်းကြီးကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများသည် (၉ -၅-၂၀၂၀) ရက် နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၁/၂/၃/၄/၅/၆/၇) ရပ်ကွက်များ တွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိ လိုက်နာနိုင်ပါရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက် များကို ရပ်ကွက်များအတွင်း ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_may2020 Source: ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မြစ်ကြီးနားမြို့နယ် IDPs စခန်းများအတွင်း Covid – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ လက်သန့်ဆေးရည်များ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ ဒူကထောင်နယ်မြေ(၄)၊ နယ်မြေ(၅)၊ နယ်မြေ(၁၄)၊ တပ်ကုန်းဂါလိလဲ၊ တပ်ကုန်းဧမာနွေလ IDPs စခန်းများရှိအိမ်ထောင်စု (၇၁) စုအတွက် လက်သန့်ဆေးရည်(၁၄၂)ဘူးကို သွားရောက်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #kcn_may2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့၊ (၀၇:၃၀) နာရီမှစတင်ပြီး ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာ အုပ်စုအတွင်းရှိ ကျောက်ရေတွင်းကျေးရွာ၊ ဝဲကြီးကျေးရွာ၊ ဝါးတံငါကျေးရွာ၊ ကန်နီကျေးရွာနှင့် ဇီးကုန်းကျေးရွာ တို့ တွင် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ပူးပေါင်း၍ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာ ၌(၉-၅-၂၀၂၀)ရက်နေ့တွင်(၁၁:၄၅)အချိန် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သော မီးဘေးသင့်အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုမှလူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈,၉၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ သေဆုံးသူ(၁)ဦး အတွက်ထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၁၈,၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၂)အိမ်ထောင်စာတို့အား (၉-၅-၂၀၂၀)ရက်နေ့ (၁၄:၃၀) အချိန်တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_may2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့(၇:၃၀) နာရီမှ (၁၂:၀၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ သစ်ချိုကုန်းအရှေ့ကျေးရွာ၊ သစ်ချိုကုန်း အနောက်ကျေးရွာ၊ ကြပ်စုကျေးရွာများသို့ COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #mgy_may2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









