လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀)ရက်နေ့ ၊ (၇:၃၀) နာရီအချိန်မှစတင်၍ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာအုပ်စု၊ လမ်းမှန်ကျေးရွာ၊ ဝက်ပုတ်ကျေးရွာ၊ ညောင်ကွေ့ကျေးရွာ၊ ရေအေးကျေးရွာ၊ လွှဲဆိပ်ကျေးရွာ အုပ်စု ၊ မှန်နီပင်ကျေးရွာ၊ လွှဲဆိပ်ကျေးရွာ၊ (၁၁)ပေါက် ကျေးရွာများရှိ ပြည်သူများထံသို့ သွားရောက်ပြီး COVID-19 နှင့်ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လေပြင်းဘေးနှင့် မီးဘေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_may2020
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)