Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၉-၅-၂၀၂၀) ရက်နေ့ တွင် မီးလောင်ကုန်းကျေးရွာအုပ်စုရှိ ဇရပ်ကုန်းကျေးရွာ၊ ရေတွင်းကုန်း‌ကျေးရွာ၊ ရေကြပ်ကျေးရွာနှင့် ကန့်လန့်ကုန်း ကျေးရွာများ၊လေးကြီး‌ကျေးရွာအုပ်စုရှိ ပန်းလှကွင်းကျေးရွာ၊ ဆူးပဒေါင်းကွင်းကျေးရွာ၊ မျောက်ကုန်းကျေးရွာနှင့် လေးကြီးကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာ ပေးဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများအလွယ်တကူသိရှိလိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#ayy_may2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events