လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့၊ နံနက်(၀၇:၃၀) နာရီအချိန်မှစ၍ နေ့လည်(၁၂:၀၀)နာရီအထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ခွေးလေးကြီးကျေးရွာ၊ ဖျာပုံစုကျေးရွာ၊ ဝါးကြိတ်လိန်ကျေးရွာ၊ လှည်းဆိပ်ကျေးရွာ၊ ဂရက်ကြီး ကျေးရွာ၊ ရှစ်အိမ်တန်းကျေးရွာ၊ ကုက္ကိုစုကျေးရွာ၊ ခွေးလေးဝကျေးရွာ၊ ကွင်းကလေးကျေးရွာ တို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာ ပေး လှည့်လည်ဟောပြောမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)