Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့ (၀၁:၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဘုတ်ကုန်းကျေးရွာအုပ်စုနှင့် မြေမွန်ကျေးအုပ်စု များမှ အမိုးလန်ပျက်စီးသွားသောနေအိမ် (၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၃၀၀၀ဝ/-)ကျပ် နှင့်လူဦးရေ(၈၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၈၄၈၀ဝ/-)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၈၁၄၈၀ဝ/-)ကျပ်တို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူ(၁)ဦးနှင့် သက်ဆိုင်ရာကျေးရွာအုပ် စုအုပ်ချုပ်ရေးမှူးများ မှတစ်ဆင့် လေဘေးသင့်ပြည်သူများထံသို့ (၁၂-၅-၂၀၂၀)ရက်နေ့(၁၅:၄၅)အချိန်တွင် ထောက် ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #sgg_may2020
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀)ရက်နေ့၌ မင်းဘူး(စကု)မြို့နယ်၊ ကြီးပင်ကန် (၂)ကျေးရွာနှင့် ကန်ရေကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ(၁၀)လုံး၊ အိမ်ထောင်စု(၁၀)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၄၂)ဦး အတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၈,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၈၈,၂၀၀/-)ကျပ်အား (၁၂-၅-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် လွှတ်တော်ကိုယ်စာလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mgy_may2020
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၅.၂၀၂၀)ရက်နေ့ (၁၆းဝဝ)နာရီချိန်၌ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ နဒီကျေးရွာ၊ မဲကနယ်ကျေးရွာ၊ ထီးမယ်ဝါးခီးကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်(၂)ကျောင်းနှင့် လူနေအိမ်(၁၃)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၃)စုမှ လူဦးရေ(၄၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၃၅၅၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)စာဖိုး ထောက်ပံ့ငွေ (၁ဝ၂၉၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၃၈၄၀ဝိ/-)ကျပ်အား မြဝတီမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြဝတီမြို့ကြက်ခြေနီအသင်းတို့နှင့်အတူ (၁၂-၅-၂၀၂၀)ရက်နေ့ (၁၄းဝဝ)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #krn_may2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၂-၅-၂၀၂၀)ရက်နေ့တွင် ခုံကြီးကျေးရွာအုပ်စုရှိ မကြီးပင်ကွင်းကျေးရွာ၊ ခုံကြီးကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ တလိုင်းခုံကျေးရွာ၊ တောင်ပို့ပေါက်ကျေးရွာ၊ ကညင်စုကျေးရွာ၊ မဒေါ့ပင်ကျေးရွာ၊ ကမ်းနီကျေးရွာများအတွင်းရှိ ပြည်သူများအား Covid- 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက် အလက်များကို ပြည်သူများ အလွယ် တကူ သိရှိ လိုက်နာ နိုင်ရေးအတွက်လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ) … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးပန်ကြားခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)အချိန်မှ (၁၅:၃၀)အချိန်ထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း(၁)ကျေးရွာ၊ ဇီးပြောင်း(၂)ကျေးရွာ၊ ဇီးပြောင်း(၃)ကျေးရွာ၊ ဇီးပြောင်း(၄)ကျေးရွာ၊ ဇီးပြောင်း(၅)ကျေးရွာနှင့် ဇီးပြောင်း(၆)ကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်အသိပေး ကြေငြာခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 ——————— —————————————————————————— Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၂.၅.၂၀၂၀) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ရေဖြူ မြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု၊ မဲ့ဂင်ရပ်ကွက်၊ လှည်းကူး (၁)ရပ်ကွက်၊ လှည်းကူး (၂)ရပ်ကွက်တို့တွင် လော်စပီကာတို့ဖြင့် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိ ပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့ (၁၄:၃၀)အချိန်၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ရေးမြို့နယ်၊ မကျီးကျေးရွာအုပ်စု၊ မကျီးချောင်းဝကျေးရွာတွင် ပြိုကျ/ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၅) ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးအိမ်ခြေ(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၅)ဦး အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ဖိုး ငွေ(၁၁၀,၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)စုံအား … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄)အုပ်စု (ရေနံတောင်၊ ကွင်းကြီး၊ ပိုးစုကြီး၊ ပေါက်နွယ်စမ်း) ကျေးရွာခွဲ(၁၁)ရွာတို့တွင် (၁၁.၅.၂၀၂၀)ရက်နေ့ ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျအိမ်ခြေ (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၆၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၉၀၀၀ဝိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းကြီး ကျောင်း(၁)ကျောင်းအတွက်ထောက်ပံ့ငွေ(၅၀၀၀ဝိ/-)၊ လူဦးရေ (၂၂၇)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၄၇၆၇၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၂၂၁၆၇၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃)အိမ်ထောင်စာတို့ကို ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်အတူ … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးထားဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟိုပန် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅- ၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့နယ်၊ လွယ်လင်းကျေးရွာအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောခြင်း၊ အဓိကသတင်း စကား(၁၀)ချက်အား ကြေညာခြင်း၊ Covid-19 နှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လေပြင်းဘေးနှင့် မုန်တိုင်းဘေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူမျာအား ထောက်ပံ့ပေးမှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဗုဗ္ဗသီရိမြို့နယ်၊ ပုဇွန်ဆိပ်ကျေးရွာအုပ်စု၊ ကန်စွန်း အင်းကျေးရွာနှင့် ဝဲကြီးကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာတို့တွင်(၁၁-၅-၂၀၂၀)ရက်နေ့ ၊(၁၆:၁၀) အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အမိုးလန်နေအိမ် (၃၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၃၂၂,၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ(၁၄၃) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၀၀,၃၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၆၂၂,၃၀ဝ/-) ကျပ် တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀)ရက်နေ့ (၁၄:၃၀) … Read more









