
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့ (၁၄:၃၀)အချိန်၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ရေးမြို့နယ်၊ မကျီးကျေးရွာအုပ်စု၊ မကျီးချောင်းဝကျေးရွာတွင် ပြိုကျ/ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၅) ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးအိမ်ခြေ(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၅)ဦး အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ဖိုး ငွေ(၁၁၀,၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)စုံအား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၂-၅-၂၀၂၀) ရက်နေ့၊ နံနက်(၁၅:၀၀) နာရီချိန်တွင် ဘေးသင့် ပြည်သူများထံလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#mon_may2020