လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄)အုပ်စု (ရေနံတောင်၊ ကွင်းကြီး၊ ပိုးစုကြီး၊ ပေါက်နွယ်စမ်း) ကျေးရွာခွဲ(၁၁)ရွာတို့တွင် (၁၁.၅.၂၀၂၀)ရက်နေ့ ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျအိမ်ခြေ (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၆၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၉၀၀၀ဝိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းကြီး ကျောင်း(၁)ကျောင်းအတွက်ထောက်ပံ့ငွေ(၅၀၀၀ဝိ/-)၊ လူဦးရေ (၂၂၇)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၄၇၆၇၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၂၂၁၆၇၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃)အိမ်ထောင်စာတို့ကို ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်အတူ (၁၂ . ၅. ၂၀၂၀)ရက်နေ့ (၁၄း၃၀)နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)