လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့ (၀၁:၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဘုတ်ကုန်းကျေးရွာအုပ်စုနှင့် မြေမွန်ကျေးအုပ်စု များမှ အမိုးလန်ပျက်စီးသွားသောနေအိမ် (၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၃၀၀၀ဝ/-)ကျပ် နှင့်လူဦးရေ(၈၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၈၄၈၀ဝ/-)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၈၁၄၈၀ဝ/-)ကျပ်တို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူ(၁)ဦးနှင့် သက်ဆိုင်ရာကျေးရွာအုပ် စုအုပ်ချုပ်ရေးမှူးများ မှတစ်ဆင့် လေဘေးသင့်ပြည်သူများထံသို့ (၁၂-၅-၂၀၂၀)ရက်နေ့(၁၅:၄၅)အချိန်တွင် ထောက် ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#sgg_may2020

Sign Up

Upcoming Events