လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၅.၂၀၂၀)ရက်နေ့ (၁၆းဝဝ)နာရီချိန်၌ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ နဒီကျေးရွာ၊ မဲကနယ်ကျေးရွာ၊ ထီးမယ်ဝါးခီးကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်(၂)ကျောင်းနှင့် လူနေအိမ်(၁၃)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၃)စုမှ လူဦးရေ(၄၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၃၅၅၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)စာဖိုး ထောက်ပံ့ငွေ (၁ဝ၂၉၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၃၈၄၀ဝိ/-)ကျပ်အား မြဝတီမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြဝတီမြို့ကြက်ခြေနီအသင်းတို့နှင့်အတူ (၁၂-၅-၂၀၂၀)ရက်နေ့ (၁၄းဝဝ)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#krn_may2020