လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀)ရက်နေ့၌ မင်းဘူး(စကု)မြို့နယ်၊ ကြီးပင်ကန် (၂)ကျေးရွာနှင့် ကန်ရေကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ(၁၀)လုံး၊ အိမ်ထောင်စု(၁၀)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၄၂)ဦး အတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၈,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၈၈,၂၀၀/-)ကျပ်အား (၁၂-၅-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် လွှတ်တော်ကိုယ်စာလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#mgy_may2020

Sign Up

Upcoming Events