Category Archives: News
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျေးရွာအုပ်စု(၂)စု ၊ ကျေးရွာ(၂)ရွာတို့၌ (၁၉-၅-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀,၀၀၀/-)ကျပ်ကို (၂၀-၅-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ပြန်/ဆက်ရုံးမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2020 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ မြို့မရပ်ကွက်၊ ကြိမ်ချောင်းပိုင်းကျေးရွာတွင် (၁၇.၅.၂၀၂၀) ရက် နေ့၌ ဖြစ်ပွားသောမီးဘေးကြောင့် ပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၂၀၀၀၀ဝ/-)၊ လူဦးရေ (၄) ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၈၄၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၂)အိမ်ထောင်စာ (၆၄၇၀၆/-)နှင့် စုစုပေါင်းရန်ပုံငွေ (၂၀၈၄၀ဝ/-)အား (၁၉.၅.၂၀၂၀) ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ် အရောက်ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီချိန်မှ နေ့လည် (၁၂:၀၀)နာရီချိန်ထိ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရွှေတောင်ဘိုကျေးရွာ၊ အကလောကျေးရွာ၊ ပြောင်မထိမ်ကျေးရွာများ၌ COVID-19 ကူးစက်မြန်အဆုတ်ရောင်ရောဂါ ပြန့်ပွားမှုများမရှိစေရေးအတွက် ဆောင်ရန်/ရှောင်ရန်အား အသံချဲ့စက်ဖြင့် ကျေးရွာနေပြည်သူများသို့ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_may2020 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀)ရက်နေ့၊ ညနေ(၁၈း၀၀)နာရီအချိန်တွင် ပန်းတောင်းမြို့နယ်၊ စမ်းဝအုပ်စုနှင့် ရေကျော်အုပ်စု၌ လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်လူနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၆၂,၀၀၀ိ/-)ကျပ်နှင့် ပန်းတောင်းမြို့နယ်၊ ရွာသာယာအုပ်စု၊ ရွာသာယာကျေးရွာတွင် (၁၈-၅-၂၀၂၀) ရက်နေ့၊ ညနေ(၁၅း၃၀)နာရီအချိန် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၉၂,၀၀၀ိ/-)ကျပ်အား (၂၀-၅-၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာန ရုံးတွင် တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀) ရက်နေ့၊ (၀၇:၀၀) နာရီအချိန်မှ (၁၀:၀၀) နာရီအချိန်အထိ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဂွေးပင် ကျေးရွာအုပ်စုရှိ ဂွေးပင်ကျေးရွာနှင့် ထန်းပင်ချောင်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
(COVID-19) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀) ရက်နေ့ (၀၇:၃၀) နာရီအချိန်မှ စတင်ပြီး ဘီးလင်းမြို့နယ်၊ တဘက်ဆွဲကျေးရွာ အုပ်စုအတွင်းရှိ တဘက်ဆွဲကျေးရွာနှင့် ဒေါင်းရွာကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်၊ မင်းလမ်းကျေးရွာအုပ်စု၊ မင်းလမ်း(မြောက်)ကျေးရွာ နှင့် ကျောင်းကုန်းကျေးရွာ၊ တွင်းရွာကျေးရွာအုပ်စု၊ တွင်းရွာကျေးရွာတို့တွင် ( ၁၈.၅. ၂၀၂၀)ရက်နေ့၊ (၁၇:၀၀)နာရီအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်လူနေအိမ် (၃ )လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၂၃၃၇၅၀ိ/-)၊ လူဦးရေ(၁၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃၃၆၀၀ိ/-)၊ စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးနှင့်ဆန်ရိက္ခာဖိုးထောာက်ပံ့ငွေကျပ် ( ၂၆၇၃၅၀ိ/-)တိတိအား ပျော်ဘွယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးတို့နှင့်အတူ ( ၁၉. ၅ . ၂၀၂၀)ရက်နေ့ (၁၇:၀၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဇေယျာသီမြို့နယ်တွင် (၁၈-၅-၂၀၂၀) ရက်နေ့ (၁၆:၀၀) နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၆၅,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၄,၃၀ဝ/-)ကျပ် အား (၁၉-၅-၂၀၂၀) ရက်နေ့(၁၅:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ha_sgw … Read more
-
လေဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀)ရက်နေ့တွင် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းစုကျေးရွာ၊ ကျောင်းကုန်းကျေးရွာနှင့် ဆည်မုန်းကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု (၃)စုတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၁၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာ ထောက်ပံ့ဖိုးငွေ(၇)ရက်စာ (၁၈,၉၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၂၈,၉၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု(၁)စုစာတို့အား (၂၀-၅-၂၀၂၀)ရက်နေ့၊ (၁၂:၀၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆပ်ပြာခဲ၊ ထုံးအိတ်၊ လက်သန့်ဆေးရည်နှင့် အပူချိန်တိုင်းကိရိယာများ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့တွင် ဝိုင်းမော်မြို့နယ်ရှိ မိုင်းနားAG၊ မိုင်းနားကက်သလစ်၊ မိုင်းနားဖွံ့ဖြိုးရေးခြံ၊ မိုင်းနားလဝမ်၊ ဝိုင်းမော်မှုရင်းနှစ်ခြင်း၊ မဒိန် KBC၊ ဝိုင်းမော် မြို့မနှစ်ခြင်း၊ လဝေါ်အေဂျီ၊ လဝေါ်နှစ်ခြင်း၊ ဝိုင်းမော်လီဆူနှစ်ခြင်း၊ ခတ်ချိုအလယ်ပိုင်း(ကွက်သစ်)၊ နောင်ဟီး IDPs စခန်းများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆပ်ပြာ(၄,၆၄၇)ခဲ၊ ထုံး(၁၂၀)အိတ်၊ လက်သန့်ဆေးရည်(၂,၂၁၂)ဘူး၊ အပူချိန်တိုင်းကိရိယာ(၁၀)ခု တို့ကိုထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: … Read more









