လေဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀)ရက်နေ့တွင် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းစုကျေးရွာ၊ ကျောင်းကုန်းကျေးရွာနှင့် ဆည်မုန်းကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု (၃)စုတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၁၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာ ထောက်ပံ့ဖိုးငွေ(၇)ရက်စာ (၁၈,၉၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၂၈,၉၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု(၁)စုစာတို့အား (၂၀-၅-၂၀၂၀)ရက်နေ့၊ (၁၂:၀၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#mgy_may2020

Sign Up

Upcoming Events