လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဇေယျာသီမြို့နယ်တွင် (၁၈-၅-၂၀၂၀) ရက်နေ့ (၁၆:၀၀) နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၆၅,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၄,၃၀ဝ/-)ကျပ် အား (၁၉-၅-၂၀၂၀) ရက်နေ့(၁၅:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ha_sgw
#npw_may2020
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)