COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆပ်ပြာခဲ၊ ထုံးအိတ်၊ လက်သန့်ဆေးရည်နှင့် အပူချိန်တိုင်းကိရိယာများ ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့တွင် ဝိုင်းမော်မြို့နယ်ရှိ မိုင်းနားAG၊ မိုင်းနားကက်သလစ်၊ မိုင်းနားဖွံ့ဖြိုးရေးခြံ၊ မိုင်းနားလဝမ်၊ ဝိုင်းမော်မှုရင်းနှစ်ခြင်း၊ မဒိန် KBC၊ ဝိုင်းမော် မြို့မနှစ်ခြင်း၊ လဝေါ်အေဂျီ၊ လဝေါ်နှစ်ခြင်း၊ ဝိုင်းမော်လီဆူနှစ်ခြင်း၊ ခတ်ချိုအလယ်ပိုင်း(ကွက်သစ်)၊ နောင်ဟီး  IDPs စခန်းများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆပ်ပြာ(၄,၆၄၇)ခဲ၊ ထုံး(၁၂၀)အိတ်၊  လက်သန့်ဆေးရည်(၂,၂၁၂)ဘူး၊ အပူချိန်တိုင်းကိရိယာ(၁၀)ခု တို့ကိုထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#kcn_may2020

Source:           ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events