Category Archives: News
-
Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂.၅.၂၀၂၀)ရက်နေ့ သရက်ချောင်းမြို့နယ်အတွင်းရှိ ရေချိုချောင်းကျေးရွာနှင့် သစ်တိုကုန်းကျေးရွာတို့တွင် လော်စပီကာ၊ Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀) ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ ကုန်းတန်းတောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ (၅) ရွာ၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်တွက် အများပြည်သူ သိရှိလိုက်နာဆောင်ရွက် ရန်အချက်များအား လော်စပီကာဖြင့် လှည့်လည်ဟောပြော ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀)ရက်နေ့ (၀၈:၀၀)နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ အမှတ် (၆)ရပ်ကွက်၊ အမှတ် (၇)ရပ်ကွက် တို့၌လည်းကောင်း၊ လဟာကလူကျေးရွာအုပ်စု၊ လဟာကလူ ကျေးရွာ၊ စာဖြူစုကျေးရွာနှင့် ဘီလူးကျွန်းကျေးရွာတို့၌လည်းကောင်း၊ ကျူတန်းကျေးရွာအုပ်စု၊ အပြင်စာဖြူစုကျေးရွာ၌ လည်းကောင်း၊ အဓလောက်ကျေးရွာအုပ်စု၊ ကုန်းစုကျေးရွာနှင့် ရေလယ်ကွင်းကျေးရွတို့၌လည်းကောင်း၊ လတ်တလောနိုင်ငံ အသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၂.၅..၂၀၂၀)ရက်နေ့တွင် ဗန်းမော်မြို့၊ ထွယ်ဆန် IDPစခန်း အိမ်ထောင်စု(၃၇)စု၊ လူဉီးရေ(၂၁၆)ဉီးတို့အတွက် အပူချိန်တိုင်းကိရိယာ ၁ခု၊ hand speaker ၁ခု၊ memory stick ၁ ခု၊ ဘေစင် ၁စုံ၊ ထုံး ၁၀ အိတ်၊ ဆပ်ပြာ (၂၁၆)ခဲ၊ လက်သန့်ဆေးရည်(၇၄)ဗူးနှင့် အဝတ်mask (၄၃၂)ခု၊ ဗန်းမော်မြို့၊ ဖန်းခါးကုန်IDPစခန်း၊ အိမ်ထောင်စု(၉၇)စု၊ လူဉီးရေ(၅၀၂)ဦးတို့အတွက် hand speaker ၁ခု၊ memory stick ၁ … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀)ရက်နေ့ နံနက်(၀၇:၃၀)နာရီအချိန်မှစ၍ နေ့လည်(၀၂:၀၀)နာရီအထိ မြောင်းမြခရိုင်၊မြောင်းမြမြို့နယ်ရှိ တပင်ချောင်း၊ ကွမ်းသီးချောင်းကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ သံဃာကုန်းကျေးရွာ၊ ကဝက်ကျေးရွာ၊ လင်းဒိုင်းဒေါင့်ကြီးကျေးရွာ၊ ကွင်းပေါက်ကြီးကျေးရွာ၊ ကျွန်းဒိတ်ကျေးရွာ၊ မုဆိုးမကျေးရွာ၊ ကြက်ခိုးစုကျေးရွာ၊ သပြေမြိုင်ကျေးရွာ၊ ပိတောက်ချောင်းကျေးရွာ၊ လေးကြီးကျေးရွာ၊ ဓါးမြချောင်းကျေးရွာ၊ ငါးတန်တရာကျေးရွာ၊ ညောင်တောစု ကျေးရွာ၊ ဝဲချောင်းကျေးရွာ၊ နတ်စင်ချောင်းကျေးရွာနှင့် ရန်မနိုင်ကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူ လူထုအား အသိပညာပေးလှည့်လည်ဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း … Read more
-
လေဘေးထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု၊ ဇင်ပြွန်းကုန်းကျေးရွာတွင်(၂၀. ၅.၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ ပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀ဝိ/-)၊ လူဦးရေ (၁) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၂၁၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၀၂၁၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာကိုလည်ကောင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာ၌ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ (၂၂.၅.၂၀၂၀) ရက်နေ့ (၁၃း၃၀)နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လှည်းကူး ကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀၀၀/-) ကျပ်ကို လေဘေးသင့်နေအိမ်၌ မြို့နယ်ထွေအုပ်ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ပြန်ဆက်ရုံးမှ တာဝန်ရှိသူ များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ (၂၂-၅-၂၀၂၀) ရက်နေ့ (၁၂:ဝဝ) နာရီအချိန်တွင် ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2020 Source: … Read more
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀) ရက်နေ့ (၀၈:၀၀)နာရီချိန်မှ (၁၂၀၀ )နာရီထိ ဟင်္သာတမြို့နယ်အတွင်းရှိ ကျုံဖားအုပ်စု(အရှေ့ချင်းကွင်း၊ သိမ်းကုန်း၊ ကွမ်းခြံကုန်း၊ လက်တင်ချောင်း၊ ပေပင်ကွင်း) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များအား ကျေးရွာနေပြည်သူ များအား အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဟင်္သာတခရိုင် ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၁-၅-၂၀၂၀)ရက်နေ့တွင် တစ်တီတူးကွင်းကျေးရွာအုပ်စုရှိ တစ်တီတူးကွင်းကျေးရွာ၊ လယ်ကြီးကွင်းကျေးရွာ၊ ကိုင်းတောကွင်းကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ရှမ်းတောကျေးရွာ၊ သူကြီးစုကျေးရွာများအတွင်းရှိ ပြည်သူများ အား Covid- 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက် အလက်များကို ပြည်သူများအလွယ်တကူသိရှိလိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၂-၅-၂၀၂၀)ရက်နေ့၊ နံနက် (၀၇:၀၀) အချိန်မှ (၁၀:၀၀) နာရီအချိန်အထိ ဆိပ်ဖြူမြို့နယ်၊ တဲကြီးကျေးရွာအုပ်စုရှိ တဲကြီးကျေးရွာ၊ ထန်းပင်ကန်ကျေးရွာနှင့် စိန်ပန်းကုန်းကျေးရွာတို့တွင် လှည့်လည်၍ covid-19 ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_may2020









