လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လှည်းကူး ကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀၀၀/-) ကျပ်ကို လေဘေးသင့်နေအိမ်၌ မြို့နယ်ထွေအုပ်ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ပြန်ဆက်ရုံးမှ တာဝန်ရှိသူ များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ (၂၂-၅-၂၀၂၀) ရက်နေ့ (၁၂:ဝဝ) နာရီအချိန်တွင် ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_may2020
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)