လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀)ရက်နေ့ နံနက်(၀၇:၃၀)နာရီအချိန်မှစ၍ နေ့လည်(၀၂:၀၀)နာရီအထိ မြောင်းမြခရိုင်၊မြောင်းမြမြို့နယ်ရှိ တပင်ချောင်း၊ ကွမ်းသီးချောင်းကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ သံဃာကုန်းကျေးရွာ၊ ကဝက်ကျေးရွာ၊ လင်းဒိုင်းဒေါင့်ကြီးကျေးရွာ၊ ကွင်းပေါက်ကြီးကျေးရွာ၊ ကျွန်းဒိတ်ကျေးရွာ၊ မုဆိုးမကျေးရွာ၊ ကြက်ခိုးစုကျေးရွာ၊ သပြေမြိုင်ကျေးရွာ၊ ပိတောက်ချောင်းကျေးရွာ၊ လေးကြီးကျေးရွာ၊ ဓါးမြချောင်းကျေးရွာ၊ ငါးတန်တရာကျေးရွာ၊ ညောင်တောစု ကျေးရွာ၊ ဝဲချောင်းကျေးရွာ၊ နတ်စင်ချောင်းကျေးရွာနှင့် ရန်မနိုင်ကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူ လူထုအား အသိပညာပေးလှည့်လည်ဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)