လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀)ရက်နေ့ (၀၈:၀၀)နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ အမှတ် (၆)ရပ်ကွက်၊ အမှတ် (၇)ရပ်ကွက် တို့၌လည်းကောင်း၊ လဟာကလူကျေးရွာအုပ်စု၊ လဟာကလူ ကျေးရွာ၊ စာဖြူစုကျေးရွာနှင့် ဘီလူးကျွန်းကျေးရွာတို့၌လည်းကောင်း၊ ကျူတန်းကျေးရွာအုပ်စု၊ အပြင်စာဖြူစုကျေးရွာ၌ လည်းကောင်း၊ အဓလောက်ကျေးရွာအုပ်စု၊ ကုန်းစုကျေးရွာနှင့် ရေလယ်ကွင်းကျေးရွတို့၌လည်းကောင်း၊ လတ်တလောနိုင်ငံ အသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)