လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု၊ ဇင်ပြွန်းကုန်းကျေးရွာတွင်(၂၀. ၅.၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ ပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀ဝိ/-)၊ လူဦးရေ (၁) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၂၁၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၀၂၁၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာကိုလည်ကောင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာ၌ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ (၂၂.၅.၂၀၂၀) ရက်နေ့ (၁၃း၃၀)နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)