
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၁-၅-၂၀၂၀)ရက်နေ့တွင် တစ်တီတူးကွင်းကျေးရွာအုပ်စုရှိ တစ်တီတူးကွင်းကျေးရွာ၊ လယ်ကြီးကွင်းကျေးရွာ၊ ကိုင်းတောကွင်းကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ရှမ်းတောကျေးရွာ၊ သူကြီးစုကျေးရွာများအတွင်းရှိ ပြည်သူများ အား Covid- 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက် အလက်များကို ပြည်သူများအလွယ်တကူသိရှိလိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)