Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ (၂၈.၅.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁၄း၀၀)အချိန်တွင် ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ အင်းတောကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆူးလေကုန်းကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပေါက်မြို့နယ် အင်းတောကျေးရွာအုပ်စု၊အင်းတော(တ)ကျေးရွာ၊ ဆူးလေကုန်းကျေးရွာအုပ်စု၊ နတ်စဉ်ကုန်းကျေးရွာတို့၌ (၂၇.၅.၂၀၂၀)ရက်နေ့၊ ညနေ(၁၅း၄၅)အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု (၂)စုမှ ကျား(၃)ဦး၊ မ(၅)ဦး၊ စုစုပေါင်း(၈)ဦးအား အိမ်ဆောက်ပစ္စည်းဖိုး(၇၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၁၆၈၀၀ိ/-) စုစုပေါင်း(၈၆၈၀၀ိ/-)ကို ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_may2020 Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀) ရက်နေ့တွင် သာစည် မြို့နယ်အတွင်းရှိ ယင်းမာရိုးအုပ်စု၊ ရွာပုလဲအုပ်စု၊ လှိုင်းတက်အုပ်စုတို့၌ လေဘေးဖြစ်ပွားခဲ့ရာ ပြိုလဲပျက်စီးနေအိမ်(၁)လုံး၊ အမိုးလန်နေအိမ် (၄) လုံးတို့မှ ကယ်ဆယ်ရေးပစ္စည်း(၁) အိမ်ထောင်စု စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၇၈,၉၀၀/-) ကျပ်၊ လူဦးရေ (၂၅)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၅၂,၅၀၀)ကျပ်တို့ကို (၂၈-၅-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mdy_may2020
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၅.၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ အင်းမကျေးရွာအုပ်စုနှင့် ဘုရားကုန်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ၇ရွာ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး အသံဖိုင်အား ဖွင့်လှစ်၍ အသိပညာပေးခြင်း၊ ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးဆောင်ရွက်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်အချက်များ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀) ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်းရှိ ပန်းတင်အင်းကျေးရွာနှင့် ငပိတက် ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်ရှောင်ရန်အချက်များအား Hand Speaker၊ လော်စပီကာတို့ဖြင့် လှည့်လည်အသိပညာပေးခြင်း၊ Covid-19 အသိပညာပေး ဗီနိုင်းပိုစတာများကပ်ခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ရှောင်ရန်အချက်များအား ကျေးရွာနေပြည်သူများထံ လှည့်လည်အသိပညာပေးခြင်း၊ သဘာဝဘေးဆိုင်ရာ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: လောင်းလုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ သရက်ပင်ကန်ကျေးရွာအုပ်စု၊ သရက်ပင်ကန်ကျေးရွာရှိ အိမ်ခြေ (၁၂၆) လုံး၊ အိမ်ထောင်စု (၁၃၁)စု၊ လူဦးရေ(၆၀၈)ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၆၀၀)အား (၂၈-၅-၂၀၂၀)ရက်နေ့ (၁၂:၃၀) အချိန်တွင် ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူးပေါင်းကာ သွားရောက် ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
(Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၂၈-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ(၁၂:၀၀) နာရီအချိန်ထိ လပွတ္တာ မြို့နယ်၊ မင်းဘူးစုအုပ်စုအတွင်းရှိ သပြုကွင်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကေျာင်းစုကျေးရွာနှင့် ကေျာ်ရွာကျေးရွာ များတို့တွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးမှုများကို အများပြည်သူများသိရှိလိုက်နာရန်ကွင်းဆင်း၍ Loud Speaker ဖြင့် လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
သောက်သုံးရေထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀)ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ဇရပ်ကုန်းကျေးရွာအုပ်စု၊ ဆူးရစ်တန်းကျေးရွာတွင် သောက်သုံးရေရှားပါးမှုဖြစ်ပေါ်နေသဖြင့် သောက်သုံးရေဂါလန်(၁၇၀၀)ပါ ရေကားတစ်စီးဖြင့် ကျေးလက်ပြည်သူများအား သွားရောက်လှူဒါန်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mdy_may2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၂၀)ရက်နေ့ (၁၇၀၀)အချိန်ခန့်၌ မိုးညှင်းမြို့နယ်ကာတူကျေးရွာအုပ်စုတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးနေအိမ်(၅)လုံး၊ အိမ်ထောင်စု(၅)စုမှ လူဦးရေ(၂၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ(၅၆၇၀ဝိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၅၅၆၇၀ဝိ/-)တိတိအား (၂၈-၅-၂၀၂၀)ရက်နေ့(၁၁၃၀)အချိန်တွင် ဘေးသင့်ပြည်သူများထံသို့ ကျေးရွာသဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့တို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_may2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၂၀)ရက်နေ့၌ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊အင်းရွာကြီးကျေးရွာအုပ်စု၊ အင်းရွာကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် အမိုးလန်အိမ်ခြေ(၁)လုံး, အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ဖိုးငွေ (၁၀,၅၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၀,၅၀ဝ/-) ကျပ်အား (၂၇-၅-၂၀၂၀)ရက်နေ့ (၁၆:၀၀)အချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mgy_may2020
-
သောက်သုံးရေလှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်ရှိပြည်သူများ သောက်သုံးရေအခက်အခဲဖြစ်ကြောင်း သိရှိရသဖြင့် အဆိုပါရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၁၃၅)စုအတွက် သောက်ရေသန့်(၂၀)လီတာဘူး (၁၅၀)ဘူးအား (၂၈-၅-၂၀၂၀)ရက်နေ့ (၁၁း၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #npw_may2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)









