လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၂၈-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ(၁၂:၀၀) နာရီအချိန်ထိ လပွတ္တာ မြို့နယ်၊ မင်းဘူးစုအုပ်စုအတွင်းရှိ သပြုကွင်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကေျာင်းစုကျေးရွာနှင့် ကေျာ်ရွာကျေးရွာ များတို့တွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးမှုများကို အများပြည်သူများသိရှိလိုက်နာရန်ကွင်းဆင်း၍ Loud Speaker ဖြင့် လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)