သောက်သုံးရေထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊​ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေစ​ကြို​မြို့​နယ်၊ ​​​​သရက်ပင်ကန်ကျေးရွာအုပ်စု၊ ​သရက်ပင်ကန်ကျေးရွာရှိ အိမ်ခြေ (၁၂၆) လုံး၊ အိမ်ထောင်စု (၁၃၁)စု၊ လူဦးရေ(၆၀၈)ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၆၀၀)အား (၂၈-၅-၂၀၂၀)ရက်နေ့ (၁၂:၃၀) အချိန်တွင် ရင်ခွင်မဲ့က​လေးငယ်များလျော့ချ​ရေးနှင့်ကာကွယ်​စောင့်​ရှောက်​ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူး​ပေါင်းကာ သွားရောက် ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_drg

#mgy_may2020

Source:           ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events