လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀) ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်းရှိ ပန်းတင်အင်းကျေးရွာနှင့် ငပိတက် ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်ရှောင်ရန်အချက်များအား Hand Speaker၊ လော်စပီကာတို့ဖြင့် လှည့်လည်အသိပညာပေးခြင်း၊ Covid-19 အသိပညာပေး ဗီနိုင်းပိုစတာများကပ်ခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ရှောင်ရန်အချက်များအား ကျေးရွာနေပြည်သူများထံ လှည့်လည်အသိပညာပေးခြင်း၊ သဘာဝဘေးဆိုင်ရာ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#tny_may2020
Source: လောင်းလုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)