လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀) ရက်နေ့တွင် သာစည် မြို့နယ်အတွင်းရှိ ယင်းမာရိုးအုပ်စု၊ ရွာပုလဲအုပ်စု၊ လှိုင်းတက်အုပ်စုတို့၌ လေဘေးဖြစ်ပွားခဲ့ရာ ပြိုလဲပျက်စီးနေအိမ်(၁)လုံး၊ အမိုးလန်နေအိမ် (၄) လုံးတို့မှ ကယ်ဆယ်ရေးပစ္စည်း(၁) အိမ်ထောင်စု စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၇၈,၉၀၀/-) ကျပ်၊ လူဦးရေ (၂၅)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၅၂,၅၀၀)ကျပ်တို့ကို (၂၈-၅-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#mdy_may2020

Sign Up

Upcoming Events