လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ  (၂၈.၅.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁၄း၀၀)အချိန်တွင် ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ အင်း​တောကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆူး​​လေကုန်းကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပေါက်မြို့နယ် အင်းတောကျေးရွာအုပ်စု၊အင်းတော(တ)ကျေးရွာ၊ ဆူး​လေကုန်းကျေးရွာအုပ်စု၊ နတ်စဉ်ကုန်းကျေးရွာတို့၌ (၂၇.၅.၂၀၂၀)ရက်နေ့၊ ညနေ(၁၅း၄၅)အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု (၂)စုမှ ကျား(၃)ဦး၊ မ(၅)ဦး၊ စုစုပေါင်း(၈)ဦးအား အိမ်ဆောက်ပစ္စည်းဖိုး(၇၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၁၆၈၀၀ိ/-) စုစုပေါင်း(၈၆၈၀၀ိ/-)ကို ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mgy_may2020

Source:           ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events