Category Archives: News
-
ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့်ယာယီတိုက်ပွဲရှောင်စခန်းများ၌ COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
~~~~~~ Source: MOSWRR ~~~~~~ ဇွန်လ ၁၁ ရက်နေ့ ~~~~~~ ၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDPစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ၂။ (၁၀-၆-၂၀၂၀) နေ့တွင် ရှမ်းပြည်နယ်နမ္မတူမြို့နယ်ရှိ ကြူဆော့၊ လီဆူ၊ ကချင်နှစ်ခြင်း IDP စခန်း စုစုပေါင်း(၃)ခုသို့ သွားရောက်၍ Hand Speaker … Read more
-
မြေပြိုဘေးထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့၊ အမှတ်(၉)ရပ်ကွက်၊ နယ်မြေ(၁၂)တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကမ်းပါးယံမြေပြိုကျမှုကြောင့် ပျက်စီးခဲ့သော နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၉၀၀၀ဝိ/-)၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၈၉၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၀၈၉၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးပါ (၁)ပုံးအား (၁၂-၆-၂၀၂၀)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများလက်၀ယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_lsd #shn_jun2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၂၀)ရက်နေ့ ၊(၁၆း၀၀) နာရီအချိန်တွင် တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာအုပ်စု၊ ကော့မပြင်းကျေးရွာ၌ လေပြင်း တိုက်မှုကြောင့် သစ်ပင်ဖိ၍ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀,၀၀၀/-)ကျပ်၊လူဦးရေ ၈ဦးအတွက်ဆန်ဖိုး(၇)ရက်စာထောက်ပံ့ငွေ (၁၆,၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၆,၈၀၀/-)ကျပ်အား (၁၂-၆-၂၀၂၀)ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #tny_jun2020
-
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDP) များ ပြန်လည်နေရာချထားမှုအကောင် အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Video Conference ဖြင့် တက်ရောက်ဆွေးနွေး
~~~~~~~ Source: MOSWRR ~~~~~~~ ဇွန် ၁၁ ၊ နေပြည်တော် ~~~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ((KBC ဥက္ကဌ၊ သိက္ခာတော်ရဆရာတော် ခလမ်ဆမ်ဆွန်အဖွဲ့တို့နှင့် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ(IDP)များ ပြန်လည်နေရာချထားမှုအကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကို (၁၁-၆-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းက Video Conference ဖြင့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDP)များ ပြန်လည်နေရာချထားမှုအကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကို နိုင်ငံတော်သမ္မတရုံးမှ (၈-၅-၂၀၁၉)ရက်နေ့တွင် ဖွဲ့စည်းကာ … Read more
-
သာပေါင်းမြို့နယ်၊ ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စု၊ ထန်းဇင်လှကြို့ကုန်းကျေးရွာ လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စု၊ ထန်းဇင်လှကြို့ကုန်းကျေးရွာ၌ (၉-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၁၀၅၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၁၀၅၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာအား (၁၀-၆-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၂၀)ရက်နေ့တွင် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရှမ်းစု၊ ကျွန်းကလေးကျေးရွာ၊ ဂရံစံပြကျးရွာ၊ကျွဲ နစ်ကျေးရွာ၊ ကိုင်းတောကျေးရွာ၊ ကြို့ပင်စခန်းကျေးရွာ၊ ကညင်တန်းကျေးရွာတို့တွင် (COVID – 19)ရောဂါကူးစက်ပျံ့နှံ့မှုများနှင့်ပတ်သက်၍ ပြည်သူများထံသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_jun2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သာပေါင်းမြို့နယ်၊ မယ်ဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ အနောက်စုကျေးရွာ လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ မယ်ဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ အနောက်စုကျေးရွာ၌ (၁၁-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/)၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၆၃၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၀၆၃၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာအား (၁၂-၆-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မောက်မယ်မြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO မှ ဒုတိယ-ဉက္ကဌဉီးခွန်မြင့်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးစိုင်းငေါင်းဆိုင်ဟိန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးခွန်ဟန်သိန်းဉီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ကျောက်မနွဲ့ဘုန်းတော်ကြီးကျောင်း၌ မောက်မယ်မြို့နယ်အတွင်းရှိကျေးရွာများ၌ (၁-၅-၂၀၂၀) ရက်နေ့နှင့် (၁၁-၅-၂၀၂၀) ရက်နေ့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၄၇)အိမ် အမိုးလန်(တစိတ်တပိုင်း)ပျက်စီးခဲ့သဖြင့် ဘေးသင့်ခဲ့သည့်လူဉီးရေ(၂၅၃)ဉီးအတွက် ဆန်ရိက္ခာဖိုး(၁)လစာ (၂၂၇၇၀၀ဝိ/-) (နှစ်ဆယ့်နှစ်သိန်းခုနှစ်သောင်းခုနှစ်ထောင်တိတိ/-) အား ဘေးသင့်ပြည်သူများ၏ … Read more
-
မိုးကြိုးဘေးနှင့် မြေပြိုဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ (၁၂.၆.၂၀၂၀)ရက်နေ့ (၁၂း၃၀)အချိန်တွင် ကလေးဝမြို့စျေးအတွင်း၌ မိုးကြိုးဘေးလက်ကမ်းစာစောင်နှင့် မြေပြိုဘေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြေပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၁-၆-၂၀၂၀)ရက်နေ့၊ (၁၈း၃၀) နာရီအချိန်ခန့်တွင် ကလေးဝမြို့နယ်၊ သစ်ချောက်ကျေးရွာ၊ ကလေးဝ အထွက် ကလေးဝ-ကျီကုန်း-ကလေးကားလမ်းတွင် မိုးရွားသွန်းမှုကြောင့် သဲကျောက်လွှာမြေပြိုမှုကြောင့် ဒဏ်ရာရထောက်ပံ့ ငွေ(၅၀,၀၀၀/-)ကျပ်နှင့် သေဆုံးထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၅၀, ၀၀၀/-)ကျပ်အား ကလေးဝမြို့နယ်အထွေထွေအုပ်ချင်ရေးဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး တို့နှင့်အတူ (၁၂-၆-၂၀၂၀)ရက်နေ့၊ (၁၂း၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #sgg_jun2020









