
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၁-၆-၂၀၂၀)ရက်နေ့၊ (၁၈း၃၀) နာရီအချိန်ခန့်တွင် ကလေးဝမြို့နယ်၊ သစ်ချောက်ကျေးရွာ၊ ကလေးဝ အထွက် ကလေးဝ-ကျီကုန်း-ကလေးကားလမ်းတွင် မိုးရွားသွန်းမှုကြောင့် သဲကျောက်လွှာမြေပြိုမှုကြောင့် ဒဏ်ရာရထောက်ပံ့ ငွေ(၅၀,၀၀၀/-)ကျပ်နှင့် သေဆုံးထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၅၀, ၀၀၀/-)ကျပ်အား ကလေးဝမြို့နယ်အထွေထွေအုပ်ချင်ရေးဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး တို့နှင့်အတူ (၁၂-၆-၂၀၂၀)ရက်နေ့၊ (၁၂း၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: : ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_lsd
#sgg_jun2020