Category Archives: News
-
မိုးကြိုးဘေး၊ ရေဘေး၊ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းကင်းမြို့နယ်၊ ကျေးနင်းကျေးရွာ၊ သလဘာကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ကျောက်အိုးကျေးရွာနှင့် ပြေကန်ကျေးရွာတို့တွင် (၂၀-၆-၂၀၂၀) ရက်နေ့၌ မိုးကြိုးဘေး၊ ရေဘေး၊ Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၀) ရက်နေ့တွင် ကလေးဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကလေးဝမြို့ပေါ်ရှိ ကျေးရွာများတွင် covid_19ကူစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ မိုးကြိုးဘေးအသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jun2020
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၀) ရက်နေ့ ၊ (၀၉၀၀) အချိန်၌ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသ၊ တိုက်ပွဲရှောင်စခန်း(၂)ခုရှိ ဘိုးဘွားများအတွက် Foldable Bed (၁၄)လုံး၊ အိမ်ထောင်စု(၈၇၁)စု၊ လူဦးရေ (၅၂၈၁)ဦး တို့အတွက် ဆပ်ပြာ(၅၂၈၁)တုံးနှင့် ထုံးအိတ်(၂၀)အိတ်တို့အား သွားရောက်ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #krn_jun2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၀) ရက်နေ့တွင် (၀၈:၀၀)နာရီမှ (၁၅:၃၀)နာရီအထိ ဘိုကလေးမြို့နယ်၊ ဟေမာန်ကျေးရွာအုပ်စု၊ ငါးမန်းချောင်းကျေးရွာ၊ကျုံလွတ်ကျေးရွာ၊ ကျုံလွတ်သစ်ကျေးရွာ၊ သူဌေးကုန်းကျေးရွာ၊ ဇရပ်လှကျေးရွာ၊ သဘောချောင်းကျေးရွာ၊ လမုအုပ်ကျေးရွာ၊ ပတတ်ကျေးရွာ၊ ကံစုကျေးရွာနှင့် ကင်းတပ်ကျေးရွာတို့၌ Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေး ကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများကို အများပြည်သူများ သိရှိလိုက်နာရန်ကွင်းဆင်း၍ အသံချဲ့စက်များဖြင့် လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး … Read more
-
ကျောက်ဖြူ၊ ကျောက်တစ်လုံး IDP စခန်းပိတ်သိမ်းရေးကို အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီ အချိန်ယူ၍ အဆင့်ဆင့်အကောင်အထည်ဖော် ညှိနှိုင်းဆောင်ရွက်ရေး ဆွေးနွေး မှုသတင်း
ဇွန် ၁၉ ၊ နေပြည်တော် ကျောက်ဖြူ၊ ကျောက်တစ်လုံး IDPစခန်းပိတ်သိမ်းရေးကို အမျိုးသားအဆင့်မဟာဗျူဟာနှင့် အညီ အချိန်ယူ၍အဆင့်ဆင့် အကောင်အထည်ဖော်ညှိနှိုင်းဆောင်ရွက်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အွန်လိုင်း အစည်းအဝေး ပြုလုပ်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချ ထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို ရေးဆွဲ အတည်ပြုနိုင်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများ စနစ်တကျပိတ်သိမ်းနိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် မှီခိုမှုကင်းစွာ ရပ်တည်နိုင်ရန် အလုပ်အကိုင်အခွင့်အလမ်းများ … Read more
-
မိုးကြိုးဘေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်မှ ညနေ(၁၅:၃၀) နာရီအချိန်ထိ မိုးကြိုကာလနှင့် မိုးနှောင်းကာလတွင်ဖြစ်ပေါ်လေ့ရှိသော မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ၊ သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဖျာပုံမြို့နယ်၊ ကြက်ဖမွှေးဇောင်းကျေးရွာအုပ်စု၊ ကြက်ဖမွှေးဇောင်းကျေးရွာ၊ အဇုတ်ကြီးကျေးရွာ၊ တမံကြိုးကျေးရွာ၊ ကန္ဓီကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jun2020
-
Covid_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ (၁၉-၆-၂၀၂၀)ရက်နေ့၊(၀၈:၀၀) နာရီချိန်မှ (၁၂:၀၀) နာရီ ချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ပိဋကပ်ကျကျေးရွာ၊ ဇိန်ဇွန်း(အရှေ့)ကျေးရွာ၊ ဇိန်ဇွန်း(အနောက်)ကျေးရွာ၊ ပေါက်သာကျေးရွာနှင့် ဆည်ကြီးကျေးရွာတို့အတွင်း မော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာများ တင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များ၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် ပတ်သက်သည့် ဆောင် ရန်/ရှောင်ရန် အချက်များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
COVID -19 အသိပညာပေးခြင်းလုပ်ငန်းနှင့်မိုးကြိုးဘေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၀) ရက်နေ့ တွန်းပင်ကျေးရွာ၊ မော်ကူးကျေးရွာ၊ သရက်ပင်လယ်ချောင်ကျေးရွာ စသည့်ကျေးရွာများတွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးလုပ်ငန်းများ လှည့်လည်ဆောင်ရွက် ခြင်း၊ မိုးကြိုးဘေးအန္တရာယ်နှင့် ပတ်သတ်၍လည်း ပြည်သူများသို့ အသိပညာပေးလုပ်ငန်းများ လှည့်လည်ဆောင်ရွက်ခဲ့ပြီး မိုးကြိုးဘေး လက်ကမ်းစာစောင်များကိုလည်း ပြည်သူများသို့ဖြန့် ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ပုဗ္ဗသီရိမြို့နယ်၊ ကြို့ပင်သာ ကျေးရွာ၊ ငွေခြံ ကုန်းကျေးရွာ၊ ရန်အောင်ကျေးရွာ၊ ကံသာကျေးရွာနှင့် သံပုရာကုန်းကျေးရွာများရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_jun2020
-
Covid_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ကာကွယ်ရေးပစ္စည်းများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၀) ရက်နေ့ တွင်ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ Quarantine Centerစခန်းများနှင့် ကျိုက်ဒုံမြို့နယ်ရှိ Quarantine Center စခန်းသို့ ဦးစီးဌာနမှ ထောက်ပံ့ပေးသော lux Soap (၇၀၀)တုံးအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_jun2020









