Covid_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍အသိပညာပေးဟောပြောမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ (၁၉-၆-၂၀၂၀)ရက်နေ့၊(၀၈:၀၀) နာရီချိန်မှ (၁၂:၀၀) နာရီ ချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ပိဋကပ်ကျကျေးရွာ၊ ဇိန်ဇွန်း(အရှေ့)ကျေးရွာ၊ ဇိန်ဇွန်း(အနောက်)ကျေးရွာ၊ ပေါက်သာကျေးရွာနှင့် ဆည်ကြီးကျေးရွာတို့အတွင်း မော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာများ တင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များ၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် ပတ်သက်သည့် ဆောင် ရန်/ရှောင်ရန် အချက်များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#sgg_jun2020

Sign Up

Upcoming Events