လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်မှ ညနေ(၁၅:၃၀) နာရီအချိန်ထိ မိုးကြိုကာလနှင့် မိုးနှောင်းကာလတွင်ဖြစ်ပေါ်လေ့ရှိသော မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ၊ သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဖျာပုံမြို့နယ်၊ ကြက်ဖမွှေးဇောင်းကျေးရွာအုပ်စု၊ ကြက်ဖမွှေးဇောင်းကျေးရွာ၊ အဇုတ်ကြီးကျေးရွာ၊ တမံကြိုးကျေးရွာ၊ ကန္ဓီကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_jun2020