သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၀) ရက်နေ့တွင် (၀၈:၀၀)နာရီမှ (၁၅:၃၀)နာရီအထိ ဘိုကလေးမြို့နယ်၊ ဟေမာန်ကျေးရွာအုပ်စု၊ ငါးမန်းချောင်းကျေးရွာ၊ကျုံလွတ်ကျေးရွာ၊ ကျုံလွတ်သစ်ကျေးရွာ၊ သူဌေးကုန်းကျေးရွာ၊ ဇရပ်လှကျေးရွာ၊ သဘောချောင်းကျေးရွာ၊ လမုအုပ်ကျေးရွာ၊ ပတတ်ကျေးရွာ၊ ကံစုကျေးရွာနှင့် ကင်းတပ်ကျေးရွာတို့၌ Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေး ကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများကို အများပြည်သူများ သိရှိလိုက်နာရန်ကွင်းဆင်း၍ အသံချဲ့စက်များဖြင့် လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_jun2020

Sign Up

Upcoming Events